မင်းတပ်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသည့် ခလရ ၂၇၄ မှ တပ်ကြပ်တစ်ဦးအား ယောဗျူဟာမှ ဖမ်းဆီးရမိ

မင်းတပ်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသည့် ခလရ ၂၇၄ မှ တပ်ကြပ်တစ်ဦးအား ယောဗျူဟာမှ ဖမ်းဆီးရမိ

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် ခလရ (၂၇၄) မှ တပ်ကြပ်တစ်ဦးအား ဖမ်းဆီးရမိကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်း ဗျူဟာ အမှတ် (၈၁)ယောဗျူဟာ ထံမှ သိရသည်။

မင်းတပ်မြို့ ခလရ (၂၇၄)မှ ထွက်ပြေးလာသည့် တပ်ကြပ် အောင်ကျော်မိုးအား ဗျူဟာအမှတ် (၈၁) ယောဗျူဟာမှ ယောနယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် အရှင်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် စခန်းစွန့်ခွာထွက်ပြေးလာကြရသည့် စစ်ကောင်စီတပ်သားနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း (၁၆)ဦးအား ယောနယ်တစ်နေရာတွင် စစ်ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားရှိကြောင်း ဗျူဟာအမှတ် (၈၁)ယောဗျူဟာက အသိပေးထားသည်။

မင်းတပ်ခရိုင် မင်းတပ်မြို့တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်၏ ခလရ (၂၇၄)အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယောဗျူဟာမှ လိုက်လံရှာဖွေ ဖမ်းဆီးလျှက်ရှိရာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ကလည်း စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ဗျူဟာအမှတ် - ၈၁ ယောဗျူဟာ