မန္တလေးတောင်အဆင်းလမ်းတွင် ဘုရားဖူးကား ဘရိတ်ပေါက်တိမ်းမှောက် ၁၇ ဦးဒဏ်ရာရ

မန္တလေးတောင်အဆင်းလမ်းတွင် ဘုရားဖူးကား ဘရိတ်ပေါက်တိမ်းမှောက် ၁၇ ဦးဒဏ်ရာရ

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် မန္တလေးတောင်အဆင်းလမ်းတွင် ဘုရားဖူးကား တိမ်းမှောက်ပြီး (၁၇)ဦး ဒဏ်ရာရသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ 

ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ်ပိုင်းက ဥပုသ်တော်ရပ်ကွက် မန္တလေးတောင်အဆင်းလမ်း ဒုတိယကွေ့မြောက်ဘက်စောင်းတန်းအနီးတွင် မန္တလေးတောင်မှ ဘုရားဖူး၍ ပြန်ဆင်းလာသော Light Truck ဘုရားဖူးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်သည်ဟု သိရသည်။ 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ (၁၇)ဦးအနက် အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၁၁)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နန်းတော်ရှေ့လူမှုကူညီရေးအသင်းနှင့် နှလုံးလှလူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့