ချင်းတော်လှန်ရေးအင်အားစုများ စုစည်းပြီး အာဏာရှင်စနစ်ကို ပြည်သူ့အင်အားဖြင့် ချုပ်ငြိမ်းစေရမည်ဟု CNF ချင်းအမျိုးသားနေ့တွင် ထုတ်ပြန် တိုက်တွန်း

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းပြီး အာဏာရှင်စနစ်ကို ပြည်သူ့အင်အားဖြင့် ချုပ်ငြိမ်းစေရမည်ဟု CNF ချင်းအမျိုးသားနေ့တွင် ထုတ်ပြန် တိုက်တွန်း
ဖေဖော်ဝါရီ 20, 2022 | အခြားဒေသများ

ချင်းတော်လှန်ရေးအင်အားစုများကိုစုစည်း၍ အာဏာရှင်စနစ်ကို ပြည်သူ့အင်အားဖြင့် ချုပ်ငြိမ်းစေရမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF)က ယနေ့‌ဖေဖော်ဝါရီလ(၂၀)ရင်တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို ဆန့်ကျင်ပြီး ပြည်ထောင်စု တည်ထောင်သူများ၏ မျှော်မှန်းချက် အောင်မြင်ပြီးမြောက်သည်အထိ တိုက်ပွဲဝင်ရမည်ဟု ဆိုသည်။

ချင်းပြည်‌တည်ဆောက်ရေးလုပ်ငန်းတွင် ချင်းပြည်သူများသည် ချင်းအမျိုးသားတပ်ဦး၊ ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ (CJDC)တို့နှင့်အတူ ကျရာကဏ္ဍမှ တာဝန်ထမ်းဆောင်ကြရမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဖက်ဒရယ်တည်ဆောက်ရေးလုပ်ငန်းတွင် ပြည်သူများသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိင်းရေးကော်မတီ(C3C)တိုနှင့်အတူ ကျရာကဏ္ဍမှ တာဝန်ထမ်းဆောင်ကြရမည်ဟု ဆိုသည်။

အာဏာရှင်များသည် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်သူများ၏ မျှော်မှန်းချက်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိ စေရန်အတွက် ပြည်သူလူထု၏ အချုပ်အခြာအာဏာကို လုယူ၍ အာဏာရှင်စနစ်ဖြင့် ပြည်သူလူထုကို ညှင်းပန်းအုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း(၆၀)ကျော်ကြာခဲ့ပြီဟုလည်း ထုတ်ပြန်သည်။