စစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် စဉ့်ကိုင်မြို့နယ်ထွေအုပ်ရုံး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် စဉ့်ကိုင်မြို့နယ်ထွေအုပ်ရုံး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ 12, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနေ့ အခမ်းအနားအတွက် လုံခြုံရေးယူထားသည့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးအဖွဲ့က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ထားကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ် ထွေအုပ်ရုံးတွင်  အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲတို့ လုံခြုံရေးယူထားစဉ် စဉ့်ကိုင်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF SINTGAING) က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။