ဇီးကျွန်းရွာက စကစ သတင်းပေး အောက်လမ်းဆရာကို ဗိုလ်စနေအဖွဲ့က ရှင်းလင်း

Photo: မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
Photo: မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
ဇီးကျွန်းရွာက စကစ သတင်းပေး အောက်လမ်းဆရာကို ဗိုလ်စနေအဖွဲ့က ရှင်းလင်း
ဖေဖော်ဝါရီ 9, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဇီးကျွန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ သတင်းပေး အောက်လမ်း၊ ဗိန္နောဆရာ အောင်ထွန်း(ခ)မင်းမင်းအား ဗိုလ်စနေအဖွဲ့က ရှင်းလင်းလိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က အောက်လမ်း၊ ဗိန္နောဆရာ အောင်ထွန်း(ခ)မင်းမင်းအား ရှင်းလင်းလိုက်ခြင်း ဖြစ်ပြီး ၎င်းသည် ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ကာ  ပြီးခဲ့သည့် ဇန်နဝါရီလက လယ်ဇင်၊ သက္ကယ်ကျင်း၊ ကိုင်းတော၊ ဇီးကျွန်း၊ ပလ္လင် စသည့်ကျေးရွာများကို စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဥ် လမ်းပြအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူများက ပျူစောထီးအဖွဲ့ဝင်ထားကြသူများဖြစ်ပြီး ကျေးရွာအတွင်း PDF များ၏ လှုပ်ရှာသွားလာမှုများကို သတင်းပေးရန်အတွက် စစ်ကောင်စီတပ်က စောင့်ကြည့်ခိုင်းထားလေ့ရှိသည်ဟုလည်း သိရသည်။