မတူပီ - ပလက်ဝလမ်းရှိ အာဏာသိမ်းစစ်ကောင်စီ၏  (၃၀၄)တပ်ရင်းကို CDF Matupi နှင့် CNA ပူးပေါင်း တိုက်ခိုက်

CDF Matupi ၏ တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်စဉ်က ပုံ [ Photo: Chinland Defense Force Matupi ]
CDF Matupi ၏ တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်စဉ်က ပုံ [ Photo: Chinland Defense Force Matupi ]
မတူပီ - ပလက်ဝလမ်းရှိ အာဏာသိမ်းစစ်ကောင်စီ၏  (၃၀၄)တပ်ရင်းကို CDF Matupi နှင့် CNA ပူးပေါင်း တိုက်ခိုက်
ဇန်နဝါရီ 26, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ မတူပီ - ပလက်ဝလမ်းပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ အမှတ်(၃၀၄) ခြေမြန်တပ်ရင်း စခန်းအား CDF Matupi နှင့် CNA ပူးပေါင်းတပ်က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း  သေဆုံး၊ ဒဏ်ရာရမှုများရှိနိုင်သည်ဟု CDF Matupi ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလ (၂၄) ရက်နေ့ကလည်း မတူပီ-မင်းတပ်လမ်းမ ချန်ပြန်းရွာဟောင်းအနီးတွင် မတူပီမှ စစ်ကြောင်းထွက်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များကို  CDF Matupi က ပစ်ခတ်တိုက်ခိုက်ရာ အာဏာသိမ်းတပ်ဘက်က (၁) ဦးပြီး (၃) ဦးဒဏ်ရာပြင်းထန်စွာရသွားကြောင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



#TachileikNewsAgency