ကလေးမြို့နယ် မြို့လှကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေကာ လက်နက်တစ်လက်ရ

ကလေးမြို့နယ် မြို့လှကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေကာ လက်နက်တစ်လက်ရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြို့လှကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၂)ဦးသေကာ လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF–KKGထံမှ သိရသည်။

မြို့လှကျေးရွာတွင် စစ်ကောင်စီတပ်နှင့် CDF–KKG၊ CNDF–TZနှင့်  Kalay PDF တပ်ရင်း(၆)တို့ပါဝင် သော ပူပေါင်းတပ်များနှင့် မိနစ်(၃၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း(၂)လောင်းနှင့် AK(၁)လက်၊ ကျည်ဘောက်(၂)ခု၊ ကျည်ဆံအနည်းငယ်၊ Equipment (၁)ခုနှင့် ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း ကလေးမြို့နယ်မှ အိမ်ခြေ(၈၀၀)ဝန်းကျင်ရှိ စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ယမန်နေ့ကလည်း လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် ကျေးရွာအတွင်းရှိ ဘုရားကျောင်းထိမှန်ပျက်စီးခဲ့ရသေးသည်။

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် စက္ကန့်ရွာဘက်သို့ စစ်ကြောင်းချီလာခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့များက တားဆီးပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့်  ကြန့်ကြာနေခဲ့ပြီး ယနေ့တွင် ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။ 

စက္ကန့်ကျေးရွာသည် ချင်းလူမျိုးများနေထိုင်ရာကျေးရွာဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သဖြင့် အိမ်ခြေ(၈၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရသေးသည်။

#TachileikNewsAgency