ဝမ်းတွင်းမြို့နယ်၊ ဒါးလှကျေးရွာအတွင်း အာဏာသိမ်းစစ်တပ်က ဒေသခံ (၅)ဦးကို မေးစရာရှိ၍ဟုဆိုကာ ဖမ်းဆီးပြီး ရိုက်နှက်ညှင်းပန်း စစ်ဆေး 

ဝမ်းတွင်းမြို့နယ်၊ ဒါးလှကျေးရွာအုပ်စုအတွင်း ဒါးလှကျေးရွာ
ဝမ်းတွင်းမြို့နယ်၊ ဒါးလှကျေးရွာအုပ်စုအတွင်း ဒါးလှကျေးရွာ
ဝမ်းတွင်းမြို့နယ်၊ ဒါးလှကျေးရွာအတွင်း အာဏာသိမ်းစစ်တပ်က ဒေသခံ (၅)ဦးကို မေးစရာရှိ၍ဟုဆိုကာ ဖမ်းဆီးပြီး ရိုက်နှက်ညှင်းပန်း စစ်ဆေး 
နိုဝင်ဘာ 21, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဒါးလှကျေးရွာအုပ်စုအတွင်း ဒါးလှကျေးရွာတွင် အာဏာသိမ်းစစ်တပ်က ရွာအတွင်းဝင်ရောက်ပြီး ဒေသခံ (၅)ဦးကို ဖမ်းဆီးကာ ရိုက်နှက်ညှင်းပန်းစစ်ဆေးပြီး ပြန်လွှတ်ပေးလာကြောင်း သိရသည်။။

ညက လူ(၅)ယောက်ကို ဖမ်းခေါ်ပြီး နှိပ်စက်တယ်။ မနက်ကျတော့ ပြန်လွှတ်လိုက်တယ်။ မျက်နှာတွေ ခါးတွေ ယောင်ကားနေတယ်။ ဘာမှမဆိုင်တဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတွေကို သံသယနဲ့ စွပ်စွဲပြီး ဖမ်းတယ်။ ကျေးရွာထဲက တန်းကျောင်းဝန်းထဲမှာလည်း တပ်က တပ်စွဲထားတာ တစ်ပတ်လောက်ရှိပြီး "ဟု ဒေသခံ တစ်ဦးက Tachileik News Agency နိုဝင်ဘာလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ ညပိုင်းက ဒါးလှကျေးရွာတွင်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်ကာ ယခင်က ကျေးရွာအတွင်း နေအိမ်မီးရှို့မှုများနှင့် ပတ်သက်၍ မေးမြန်းစရာရှိ၍ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုပြုလုပ်ပြီး ယနေ့ နံနက်တွင် ပြန်လွှတ်ပေးလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်မတိုင်မီ ဒါးလှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်တပ်ဖြင့်ရွာအတွင်း ဧည့်စာရင်းစစ်ခြင်းများအထိ လုပ်ဆောင်မှုများ ရှိကြောင်းလည်း သိရသည်။