လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်သည့်ရုပ်သံ BPLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်၏ခြေကုတ်စခန်းတစ်ခုကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က တိုက်ခိုက်သိမ်းပိုက်သည့်ရုပ်သံအား ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် BPLAက ထုတ်ပြန်လာသည်။

၂၀၂၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် စတင်ခဲ့သော လားရှိုးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အခိုင်အမာ ခြေကုပ်ထားသည့် စခန်းကုန်းတစ်ခုအား ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ အမှတ်(၂၀၃) စစ်ဒေသ၊ (၆၀၉)တပ်ရင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 

ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်သားအလောင်းများတွေ့ရှိရပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းတချို့ကို BPLAက သိမ်းဆည်းထားသည်ကိုလည်း တွေ့ရှိရသည်။

လားရှိုးမြို့တွင် (၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင်(၂၅)ရက်နေ့ နံနက်(၄)နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAA ၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ 

ထို့အပြင် လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်ဟုလည်း MNDAA က ဖော်ပြထားပြီး လက်ရှိတွင် လားရှိုးမြို့အတွင်း တိုက်ပွဲများဖြစ်နေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Video: BPLA