အာဏာသိမ်းစစ်တပ်က ကနီမြို့နယ်တွင်း တူမီးကိုင်ဒေသကာကွယ်ရေးအဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်

By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီး တဇယ်ချောင်တွင် တူမီးကိုင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အာဏာသိမ်းစစ်တပ်က  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့က သာလွန်အင်အား၊ လက်နက်ကြီးအသုံးပြုမှုအပြင် ရဟတ်ယာဉ် (၂)စီးဖြင့်ပါ ပစ်ကူပြီးတိုက်ခိုက်ခဲ့သည်ကို ကူညီရန်သွားရောက်သည့် ယင်းမာပင် PDF မှ ဗိုလ်သူရိန်ဦးစီးအဖွဲ့က မှတ်တမ်းရယူခဲ့ခြင်းဖြစ်သည်။

တဇယ်ချောင်တိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်တပ်က ၎င်းတို့၏အထောက်အကူပြုအဖြစ် ဖွဲ့ထားသည့် ပျူစောထီးအဖွဲ့များကိုပါ အသုံးပြုသည့်အပြင် အရပ်သားအချို့ကိုဖမ်း၍ အကာအကွယ်(လူသားဒိုင်း)အဖြစ်ပါ အသုံးပြုခဲ့သည်ဟု ဒေသခံ PDF တပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့က လေကြောင်းမှ ပစ်ခတ်မှုကြောင့် ပြည်သူအချို့ပါ ဒဏ်ရာရခဲ့ပြီး အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။



Video: Yinmabin pdf- ဗိုလ်သူရိန်အဖွဲ့