စစ်ကိုင်းမြို့မှ ရိက္ခာသယ်ဆောင်လာသည့် တွဲကားနှစ်စီးနှင့် စစ်ကောင်စီကင်းများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့်  စစ်ကောင်စီကင်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Special Forces 11–PDF အဖွဲ့မှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့် ချောင်းဦး မြပုလဲဂိတ်မှ ကင်းလာယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွေးတိုးဂိတ်အနီးတွင် ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ မနက် (၇) နာရီခွဲတွင် ရှေ့ထွက်မိုင်း (၄) လုံး တစ်ပွိုင့် နှင့် ပဒေသာမိုင်း (၄)လုံး တစ်ပွိုင့်တို့ဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် တွဲကား ပထမအစီးမှာ နောက်ပိုင်းပွင့်ထွက်၍ တိုးဂိတ်ရှေ့ထိုးရပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ထိခိုက်မှုများရှိနိုင်ကြောင်း Special Forces 11–PDF အဖွဲ့မှ ဆိုသည်။

ထို့နောက် ဇွန်လ (၂၂) ရက်နေ့ မနက် (၉) နာရီဝန်းကျင်တွင် ချောင်းဦး မြပုလဲ စစ်ကောင်စီဂိတ်မှ ကင်းလာယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းနှင့် ဗုံးသီး (၄)လုံးချ၍ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်သော်လည်း အရပ်သား ပြည်သူ (၂)ဦး ထိခိုက်မှုရှိကြောင်း သိရသဖြင့် အနူးအညွတ်တောင်းပန်ကြောင်း Special Forces 11 – PDF အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို Special Force-11(PDF)၊ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် Monywa Dynamite(STF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Special Forces 11 - PDF