မတ္တရာမြို့နယ်တွင် အင်အား (၈၀)ခန့်ပါသည့် စစ်ကောင်စီသံခွန်သင်္ဘောတစ်စီး တိုက်ခိုက်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် တစ်နေရာတွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း အင်အား (၈၀)ခန့်ပါရှိသည့် စစ်ကောင်စီသံခွန်သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဧပြီလ (၂၄) ရက်တွင် မန္တလေးမြို့ဆိပ်ကမ်းမှ အထက်သို့တက်လာသည့် စစ်ကောင်စီသင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စနိုက်ပါတစ်ဦး သေဆုံး၍ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၂)ရက်နေ့တွင်လည်း မတ္တရာမြို့နယ်၊ တံငါ(တောင်)ကျေးရွာ တံတားပေါ်တွင် ဂိတ်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

#TachileikNewsAgency