ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်သည့် ရုပ်သံထွက်ပေါ်လာသည်။
တောင်ကုတ်မြို့ရှိ အမှတ်(၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ၊ အရာခံနှင့် တပ်သားအများအပြား လက်နက်ချခဲ့ခြင်းဖြစ်သည်။
AA ဘက်ကမူ အမှတ်(၅)စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် သိမ်းပိုက်ရရှိကြောင်းကို အသိပေးထုတ်ပြန်ခြင်းမရှိသေးပါ။
ဒေသခံများ၏ အတည်ပြုချက်အရ AA သည် အမှတ်(၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ကို သိမ်းပြီးဖြစ်သည်ဟု Tachileik News Agency ကို အတည်ပြုသည်။
တောင်ကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး အဓိကစခန်းကြီးများဖြစ်ကြသော စကခ(၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီဟုသာ AA ဘက်က ပြီးခဲ့သည့် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#TachileikNewsAgency