ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခဲ့သဖြင့် နေအိမ်ဆယ်လုံး မီးလောင်ပြီး အရပ်သားတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခဲ့သဖြင့် နေအိမ်(၁၀)လုံး မီးလောင်ပျက်စီးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့က ရွှေဘိုတက္ကသိုလ်ဂိတ်ပေါက်မှ အင်အား(၄၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နယ်မြေခံ ပကဖများနှင့် တပ်ရင်းများစုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် Mi 35တစ်စီးဖြင့် (၁)နာရီခွဲကြာ လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် တကန်သာကျေးရွာမှ နေအိမ်(၁၀)လုံး မီးလောင်ပျက်စီးပြီး အရပ်သားတစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ၎င်းစစ်ကောင်စီတပ် စစ်ကြောင်းသည် ယင်းနေ့ ညပိုင်းတွင် ညောင်ကန်ကျေးရွာအတွင်း၌ ညအိပ်တပ်စွဲခဲ့ကြောင်း Burma Rangers(ShweBo)ထံမှ သိရသည်။

#TachileikNewsAgency

Video : Burma Rangers(ShweBo)