ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ကျောက်ဆည်ကန်မှာ ဒီနေ့ ၂၀၂၂ မတ်လ(၆)ရက်နေ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က (၂၀)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားသလို စစ်ကောင်စီရဲ့ တပ်သား (၂)ဦးကိုလည်းတိုက်ပွဲအတွင်း အရှင် ဖမ်းမိတဲ့အပြင် လက်နက်တွေလည်း အများအပြား သိမ်းဆည်းရမိပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ အပါအဝင် ဒီးမော့ဆို PDF ၊ လွိုင်ကော် PDF ၊ ဖယ်ခုံ PDF ၊ ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) နဲ့ ညီနောင်မဟာမိတ်အဖွဲများက စုပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့်မလို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရပါတယ်။
မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က တပ်သား(၃၀)ကျော် သေဆုံးခဲ့ပါသေးတယ်။
Video: ပြည်သူ့ကာကွယ်ရေးအဖွဲ့များ