အရာတော်မြို့နယ်အတွင်းရှိ Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့က ဖြိုလဲကာ အနားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားတခုဖြစ်သည့် Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့က ဖြိုလဲကာ အနားပေးလိုက်သည်။

 

ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့က မိုင်းခွဲဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။ 



 Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့က  အာဏာသိမ်းစစ်တပ်၏ စီးပွားရေးဒေါက်တိုက်တစ်ခုဖြစ်သည့် Mytel တာဝါတိုင်ပေါင်း (၁၅)တိုင်ဝန်းကျင်ကို ယနေ့အထိ ဖောက်ခွဲဖျက်ဆီးခဲ့ပြီးကြောင်းလည်း သိရသည်။

 

Video: KORL