ကမ္ဘာ့ကပ်ရောဂါကာလ ဖြတ်ကျော်ကြတဲ့အခါ.....

  • ကာလရှည်ကြာလာတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID 19 ကြောင့် လူမှုစီးပွားရေးဘဝတွေ အခက်အခဲများစွာနဲ့ ဖြတ်သန်းနေကြရတာဖြစ်လို့ ဝမ်းနည်းတာ၊ ထွက်ပေါက်ရှာမရသလို ပိတ်လှောင်နေတာ၊ စိတ်ရှုပ်ရတာ၊ ကြောက်လန့်တာ၊ စိတ်ဆိုးတာ စတာတွေကို လူတိုင်းလိုလို ခံစားနေကြရပါတယ်။
  • ဒါကို ဖြေရှင်းနိုင်ဖို့ ကိုယ်ယုံကြည်ရသူတွေကို ဖုန်းနဲ့ဖြစ်ဖြစ်၊ အွန်လိုင်းကဖြစ်ဖြစ် ဆက်သွယ်ပြောဆိုတာ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြောဆိုတာ မကြာခဏ လုပ်ပါ။
  • ကိုယ့်လိုပဲ ခံစားနေရမယ့် သက်ကြီးရွယ်အို မိဘတွေရှိရင်လည်း သူတို့ကို မကြာခဏဆက်သွယ် စကားပြောဆိုပေးပါ။