နယ်စပ်ဒေသ တာချီလိတ်မြို့ကို ဇူလိုင်လ(၁၃)ရက်နေ့က စပြီး Stay at Home သတ်မှတ်လိုက်တဲ့အတွက်ကြောင့် တာချီလိတ်မြို့ပေါ်ကရပ်ကွက် တစ်ခုကနေ နောက်တတစ်ခုကို ဖြတ်သန်းသွားလာသူများအပေါ် စိစစ်နိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်မှာ သက်ဆိုင်ရာ ရပ်ကွက်များက ဂိတ်တစ်ခုစီ လုပ်ဆောင်နေကြတာကို ဇူလိုင်လ(၁၃)ရက်နေ့ ညနေပိုင်းမှာ တွေ့ရပါတယ်။
ရပ်ကွက်တွင်းနေဖြစ်သူများအနေနဲ့ မဖြစ်မနေ ဈေးဝယ်ထွက်ရင် တစ်အိမ်ကို တစ်ယောက်သာ ထွက်ဖို့ နဲ့ ဆေးရုံ၊ ဆေးခန်းပြရင်တော့ (၂)ယောက်အထိသာ ထွက်ဖို့ အဲ့လို ထွက်တဲ့အခါမှာလည်း သက်ဆိုင်ရာ ဂိတ်များကို အကြောင်းကြားစေဖို့ နဲ့ မေးမြန်းစစ်ဆေးမှု ခံယူဖို့ လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဈေးဝယ်ထွက်မဲ့သူများအနေနဲ့ နေအိမ်ထွက်ခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ယူဆောင်ရမှာ ဖြစ်ပြီး အခုလို လုပ်ဆောင်တာဟာ မလိုအပ်ဘဲ နေအိမ်ကနေ မထွက်ဖို့နဲ့ ဒေသတွင်း Covid-19 ကူးစက်မှု လျော့နည်သွားစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို သတ်မှတ်လိုက်တာနဲ့ ပတ်သက်ပြီး အစားအသောက်ရောင်းချတဲ့ ဈေးသည်များက သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ဝမ်းစာအတွက် မထိခိုက်စေဖို့ စီမံပေးရန်အထူးလိုအပ်တယ်လို့ ဈေးသည်များကို ဆိုကြပါတယ်။