Stay at Home သတ်မှတ်ထားတဲ့ တာချီလိတ်မြို့ရဲ့ ပထမနေ့ အခြေအနေ  

နယ်စပ်ဒေသ တာချီလိတ်မြို့ရဲ့ Covid-19 တတိယလှိုင်း ကာလအတွင်းမှာ ဒီနေ့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းအထိ  Covid-19 အတည်ပြုလူနာ နေ့တပိုင်းအတွင်း (၅၇)ဦး ထပ်တိုးတဲ့အတွက် စုစုပေါင်း ကူးစက်ခံရသူ (၃၇၀)ကျော် ရှိနေပါပြီ။

အခုလို ကူးစက်မှုများနေတဲ့ တာချီလိတ်မြို့ကို ဒီနေ့ ဇူလိုင်လ(၁၃)ရက်နေ့က စပြီး Stay at Home အဖြစ် အကြုံးဝင်ကြောင်း သတ်မှတ်ကြေညာထားပေမဲ့ ဒီနေ့ ဇူလိုင်လ(၁၃)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်အထိ မြင်ကွင်းများကတော့ အခု ဖော်ပြပါ ဗီဒီယိုထဲက အတိုင်းပဲ ဖြစ်ပါတယ်။

တာချီလိတ်မြို့ရဲ့ အာဏာပိုင်များဖြစ်တဲ့ စစ်ဘက် နယ်ဖက်က တာဝန်ရှိသူတွေဟာ  နိုင်ငံရေးဆန့်ကျင်သူများကိုသာ ဦးစားပေး ဖမ်ဆီးနိမ်နှင်းရေးအတွက်သာ အဓိက လုပ်ဆောင်နေပြီး တာချီလိတ်မြို့အတွက် Covid-19 နဲ့ပတ်သက်ပြီး ကုသရန်အတွက်သာ စီစဉ်ပေးထားပေမဲ့ ကူးစက်မှု လျော့နည်း ကျဆင်းရေးအတွက် လုပ်ဆောင်ရေးမှာ အားနည်းနေတာကို တွေ့ရပါတယ်။

တာချီလိတ်မြို့မှာ Covid-19 ထိတွေ့သူများကို နောက်ဆက်တွဲမလိုက်နိုင်သလို ပိုးတွေ့လူနာများ အလုပ် လုပ်ကိုင်တဲ့ ဟိုတယ်များ နှင့် လုပ်ငန်းများကို အာဏာပိုင်များက ဖုံးကွယ်ပေးထားတာတွေ လုပ်တဲ့အတွက် Lockdown အလုံးစုံ သတ်မှတ်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

 

Stay at Home အဖြစ် သတ်မှတ်ထားတဲ့ တာချီလိတ်မြို့ရဲ့ အခြေအနေကတော့ လမ်းပေါ်မှာ သွားလူမှုများ ပုံမှန်အတိုင်းရှိနေတာကို ဒီနေ့ ဇူလိုင်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းအထိ တွေ့မြင်နေရတာပဲ ဖစ်ပါတယ်။