ရှမ်းပြည်နယ်မှ မြို့နယ် (၆)ခု၊ ကျေးရွာအုပ်စု (၁၃၈)အုပ်စုနှင့် ရပ်ကွက် (၂)ခုတို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ

ရှမ်းပြည်နယ်မှ မြို့နယ် (၆)ခု၊ ကျေးရွာအုပ်စု (၁၃၈)အုပ်စုနှင့် ရပ်ကွက် (၂)ခုတို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ
အောက်တိုဘာ 16, 2020
By Tachileik News Agency
ရှမ်းပြည်နယ်မှ မြို့နယ် (၆)ခု၊ ကျေးရွာအုပ်စု (၁၃၈)အုပ်စုနှင့် ရပ်ကွက် (၂)ခုတို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ
ရှမ်းပြည်နယ်အတွင်းမှ မြို့နယ် (၂၃) ခုအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း (၆)ခုမှ မြို့နယ်ပေါင်း (၅၆)မြို့နယ်ရှိ နယ်မြေအချို့၌ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့၌ ထုတ်ပြန်ကြေညာသည်။
ရှမ်းပြည်နယ်အတွင်းမှ မြို့နယ် (၆) ခုဖြစ်သည့် မိုင်းလား၊ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နှင့် မိုင်းကိုင်မြို့နယ်များတွင် မြို့နယ်တစ်ခုလုံးတွင်လည်းကောင်း၊ (၁၇) မြို့နယ်ရှိ ကျေးရွာအုပ်စု (၁၃၈) အုပ်စုနှင့် ရပ်ကွက် (၂) ခုတို့တွင်လည်းကောင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာထားသည်။
အဆိုပါ ကြေညာချက်အရ ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု (၁၂) အုပ်စု၊ နောင်ချိုမြို့နယ်မှ ဆိပ်ဖူးကျေးရွာအုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု (၃) အုပ်စု၊ မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု (၂) စု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု (၄)အုပ်စု၊ မိုင်းယန်းမြို့နယ်မှ ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃) အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ လုံကောင့်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာအုပ်စု (၈)အုပ်စု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု (၄)အုပ်စု၊ မူဆယ်မြို့နယ်မှ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စု၊ မက်မန်းမြို့နယ်မှ ကျေးရွာအုပ်စု (၁၇)အုပ်စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စု (၃) အုပ်စု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု (၁၁)အုပ်စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု (၆) အုပ်စု၊ ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ ကုန်းကြမ်းမြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ ဟိုပန်မြို့နယ်မှ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၇) အုပ်စုတို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်မှ မြို့နယ် (၁၁) မြို့နယ်၊ ကရင်ပြည်နယ်မှ မြို့နယ် (၆)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ မြို့နယ် (၂) မြို့နယ်၊ မွန်ပြည်နယ်မှ မြို့နယ် (၁)မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၁၃)မြို့နယ်ရှိ နယ်မြေအချို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ကြေညာထားသည်။
ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲတွင်လည်း နိုင်ငံတစ်ဝန်း မြို့နယ် (၃၃၀) ရှိသည့်အနက် ကချင်ပြည်နယ်ရှိ မြို့နယ် (၁၁) ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ် (၇) ခု၊ မွန်ပြည်နယ်ရှိမြို့နယ် (၁) ခု၊ ရှမ်းပြည်နယ်ရှိမြို့နယ် (၁၃) ခုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် (၂) ခု စုစုပေါင်းမြို့နယ် (၃၄) ခုရှိ ကျေးရွာအုပ်စု စုစုပေါင်း (၄၀၀) ကျော်တွင် နယ်မြေမငြိမ်းချမ်းခြင်းကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~