ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတော်ကြီးမှ သံဃာတော်များ တရားအားထုတ်ရန် ကြွချီရာလမ်းတစ်လျှောက်၌ ပန်းပွင့်ဖတ်များခင်း၍ ကုသိုလ်ယူ
ထိုင်းနိုင်ငံ ပထုံဌာနီမြို့ရှိ ဝပ်ထမကိုင် ခေါ် ဓမ္မကာယကျောင်းတော်ကြီးတွင် ၂၀၂၀ ခုနှစ်၏ အစ ဇန်နဝါရီလအတွင်း ထောင်နှင့်ချီသည့် သံဃာတော်များ တရားအားထုတ်ရန် ကြွချီရာလမ်းတစ်လျှောက်၌ ပန်းပွင့်ဖတ်များခင်း၍ ကုသိုလ်ယူကြသူများ အများအပြားလာရောက်နေကြခြင်းဖြစ်သည်။
ပန်းပွင့်ဖတ်များခင်း၍ ကုသိုလ်ယူရန် ကျောင်းတော်အတွင်း စိုက်ပျိုးထားသည့် ပန်းခင်းများမှ ပန်းများကို ခူးယူ၍ ပန်းပွင့်ဖတ်များကို သံဃာတော်များ ကြွချီရာလမ်းတစ်လျှောက် ခင်းကျင်း၍ ကုသိုလ်ယူကြခြင်းဖြစ်သည်။
ဓမ္မကာယကျောင်းတော်သည် ထိုင်းနိုင်ငံတွင် အကြီးမားဆုံးနှင့် အကြွယ်ဝဆုံး ကျောင်းတော်ဖြစ်ပြီး ထောင်နှင့်ချီသော သံဃာတော်များ သီတင်းသုံးနေသည့်အပြင် ပြည်တွင်းပြည်ပ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဓမ္မကာယဖောင်ဒေးရှင်းကို ၁၉၈၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။