ပင်လယ်ကမ်းခြေတွင် ခွေးတစ်ကောင်ကို ရေထဲ အကြိမ် ကြိမ်ပစ်ချခဲ့သည့် မြန်မာနိုင်ငံသား လူငယ်တစ်ဦးကို တိရစ္ဆာန် ညှင်းပမ်းနှိပ်စက်မှုဖြင့် အမှုရင်ဆိုင်ပြီးပါက ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ကြောင်း သိရသည်။
လူငယ်တစ်ဦး ခွေးတစ်ကောင်ကို ပင်လယ်တွင်း အကြိမ် ကြိမ်ပစ်ချနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်တွင် ထွက်ပေါ်လာပြီးနောက် အဆိုပါလူငယ်အား ရဲတပ်ဖွဲ့က ရှာဖွေခဲ့ခြင်းဖြစ်သည်။
ယင်းနောက် စမွတ်ပရာကန် ရဲစခန်းသို့ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၈)ရက်နေ့ နေ့လယ် (၁၁)နာရီဝန်းကျင်တွင် Watchdog Thailand Foundation နှင့်အတူ အသက် (၁၉)နှစ်အရွယ် မြန်မာနိုင်ငံသား သီဟအောင်ဆိုသည့် လူငယ်တစ်ဦးတို့ ရောက်ရှိလာခဲ့ကာ ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ်က ၂၀၂၃ ခုနှစ်တွင် သူငယ်ချင်းတစ်ဦးနှင့်အတူ ကမ်းခြေသွားလည်ကြစဉ် အရက်မူးပြီး ခွေးတစ်ကောင်ကို ဖမ်းကာ ပင်လယ်ထဲ အကြိမ် ကြိမ်ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်မှာ (၂)နှစ်ဝန်းကျင် ကြာပြီဖြစ်သော်လည်း ၎င်း၏ သူငယ်ချင်းဖြစ်သူနှင့် စကားများရာမှ ယင်းအဖြစ်အပျက် ဗီဒီယိုဖိုင်ကို သူငယ်ချင်းဖြစ်သူက လူမှုကွန်ရက်တွင် တင်လိုက်ခြင်း ဖြစ်မည်ဟု ကိုသီဟအောင်က ထွက်ဆိုကြောင်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် ကိုသီဟအောင်က Thailand Watchdog foundation ကို ဆက်သွယ်ကာ တောင်းပန်ခဲ့ပြီးနောက် ရဲစခန်းကို လာရောက်ဝန်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးဌာနက အဆိုပါ လူငယ်အား ရဲဌာနက အရေးယူပြီးပါက ပြည်နှင်ဒဏ်ပေးမည်ဟု သိရသည်။
Source: Bangkok Post