ထိုင်းနိုင်ငံမှ စစ်သားတစ်ဦးက သေနတ်ဖြင့် လူလိုက်သတ်နေ၍ သေဆုံးသူ (၂၀)ကျော်အထိရှိလာပြီး ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေ

ထိုင်းနိုင်ငံမှ စစ်သားတစ်ဦးက သေနတ်ဖြင့် လူလိုက်သတ်နေ၍ သေဆုံးသူ (၂၀)ကျော်အထိရှိလာပြီး ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေ
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ စစ်သားတစ်ဦးက သေနတ်ဖြင့် လူလိုက်သတ်နေ၍ သေဆုံးသူ (၂၀)ကျော်အထိရှိလာပြီး ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေ

ထိုင်းနိုင်ငံ နခွန်ရတ်ချစီမာခရိုင် စစ်တပ်အတွင်းမှ စစ်သားတစ်ဦး ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညနေပိုင်းက တပ်ဖွဲ့ဝင်များအား ပစ်ခတ်ပြီး မြို့တွင်းလမ်းတစ်လျှောက် ပစ်ခတ်သွားကာ Terminal 21 အတွင်း ဓါးစာခံများ ထိန်းသိမ်းထားရာ ည (၉)နာရီ (၄၅)မိနစ်အချိန် အတည်ပြုချက်အရ လူပေါင်း (၂၀)ကျော် သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါ စစ်သားက လက်နက်ခိုးယူကာ တပ်ဖွဲ့ဝင် (၃)ဦးကို ပစ်သတ်လိုက်ပြီး မော်တော်ယာဉ်တစ်စီးဖြင့် မောင်းထွက်သွားစဉ် လမ်းတစ်လျှောက်ပစ်ခတ်သွားသဖြင့် အရပ်သားများပါ သေဆုံးခဲ့ရခြင်းဖြစ်သည်။

လူပေါင်း (၁၆)ဦးကို ဓါးစာခံ ပြုလုပ်ထားသည်ဟုဆိုသည့် ရှော့ပင်းမော၏ လေးလွှာတွင် အထူးရဲတပ်ဖွဲ့ ကွန်မန်ဒိုများက ကယ်တင်နိုင်ရန် ကြိုးစားနေပြီး အဆိုပါ စစ်သားကို ဖျောင်းဖျနိုင်ရန် ၎င်း၏မိခင်ဖြစ်သူကိုလည်း ခေါ်ဆောင်ထားကြောင်း သိရသည်။

အခင်းဖြစ်နေရာ အနီးဝန်းကျင်ကို live ထုတ်လွှင့်ခြင်းများ မပြုလုပ်ရန် ရဲတပ်ဖွဲ့က တားမြစ်ထားသည်ဟု သိရသည်။

ပြစ်မှုကျူးလွန်နေသည့် စစ်သား၌၏ facebook အကောင့်မှ တဆင့် live ထုတ်လွှင့်ခဲ့ရာ Facebook ကဖယ်ရှားပစ်လိုက်ကြောင်း သိရသည်။

Tachileik News Agency
Ref; MGR Online, TodayLine, TH Ph

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~