အာဆီယံ (၁၀)နိုင်ငံအတွင်း မြန်မာ နှင့် လာအိုမှ လွဲ၍ ကျန်(၈)နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၇၀၀)နီးပါးရှိပြီး သေဆုံးသူ (၁၁)ဦးရှိ

အာဆီယံ (၁၀)နိုင်ငံအတွင်း မြန်မာ နှင့် လာအိုမှ လွဲ၍ ကျန်(၈)နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၇၀၀)နီးပါးရှိပြီး သေဆုံးသူ (၁၁)ဦးရှိ
မတ် 14, 2020
By Tachileik News Agency
အာဆီယံ (၁၀)နိုင်ငံအတွင်း မြန်မာ နှင့် လာအိုမှ လွဲ၍ ကျန်(၈)နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၇၀၀)နီးပါးရှိပြီး သေဆုံးသူ (၁၁)ဦးရှိ

အရှေ့တောင်အာရှ (၁၀) နိုင်ငံတွင် မြန်မာနှင့် လာအိုမှလွဲ၍ ကျန် (၈) နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID - 19 )ကူးစက်ခံရသူ အရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့အထိ (၇၀၀)နီးပါး ရှိလာပြီး သေဆုံးသူ (၁၁)ဦး အထိ ရှိနေကြောင်း John Hopkins University ၏ စောင့်ကြည့်စာရင်းများအရ သိရသည်။

အရှေ့တောင်အာရှနိုင်ငံများ၌ မတ်လ (၁၄)ရက်နေ့ ညနေပိုင်း အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ
စင်္ကာပူနိုင်ငံတွင် ကူးစက်ခံရသူ (၂၀၀)ဦး၊ မလေးရှားနိုင်ငံတွင် ကူးစက်ခံရသူ (၁၉၇)ဦး၊ ထိုင်းနိုင်ငံတွင် ကူးစက်ခံရသူ (၇၅)ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ကူးစက်ခံရသူ (၆၄)ဦး၊ ဗီယက်နမ်တွင် ကူးစက်ခံရသူ (၄၇)ဦး၊ အင်ဒိုနီးရှားတွင် ကူးစက်ခံရသူ (၆၉)ဦး၊ ဘရူနိုင်းနိုင်ငံတွင် ကူးစက်ခံရသူ (၃၇)ဦးနှင့် ကမ္ဘောဒီးယားတွင် ကူးစက်ခံရသူ (၅)ဦးရှိရာ မြန်မာ နှင့် လာအိုနိုင်ငံက လွဲ၍ (၈)နိုင်ငံတွင် ကူးစက်ခံရသူ စုစုပေါင်း (၆၉၄)ဦး ရှိနေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် (၆)ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် (၄)ဦး နှင့် ထိုင်းနိုင်ငံတွင် (၁)ဦး စုစုပေါင်း (၁၁)ဦးတို့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားကြသူများ ဖြစ်ကြောင်း သိရသည်။

မြန်မာတွင် စောင့်ကြည့်/သံသယ လူနာ စုစုပေါင်း (၁၁၅)ဉီးရှိခဲ့ပြီး (၁၀၉)ဦး၏ အဖြေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့ရကြောင်း နှင့် ကျန်(၆)ဦး၏ အဖြေအား သိရှိနိုင်ရန်အတွက် ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နီးစပ်သည့် တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်သို့  ကူးစက်ပျံ့နှံ့သွားရာ မတ်လ(၁၄)ရက်နေ့ ည(၈)နာရီအချိန်ထိတွင် ကူးစက်ခံရသူ စုစုပေါင်း (၁၄၇,၈၃၈)ဦး ရှိပြီး ပြန်လည် သက်သွားသူမှာ (၇၁,၇၁၈)ဦးရှိသော်လည်း သေဆုံးသူ စုစုပေါင်းမှာ (၅,၅၃၉)ဦး ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကိုရိုနာဗိုင်းရပ်စ်(Coronavirus COVID-19)အား ၂၀၂၀ခုနှစ် မတ်လ (၁၁)ရက်နေ့က ကမ္ဘာ့ကပ်ရောဂါအဖြစ်   ကြေညာထားခြင်းရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~