မြန်မာ ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းပေးနိုင်ရန်  ထိုင်းနိုင်ငံ မယ်ဆိုင် စည်ပင် က လက်ခံပေးနေ

မြန်မာ ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းပေးနိုင်ရန်  ထိုင်းနိုင်ငံ မယ်ဆိုင် စည်ပင် က လက်ခံပေးနေ

 မြန်မာနိုင်ငံအတွင်း ငလျင်ဘေးသင့်ပြည်သူများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေ လုပ်ငန်းရှင်နှင့် စေတနာရှင်များအနေဖြင့် တတ်နိုင်သည့် ဘက်ကနေ ပါဝင်လှူဒါန်းပေးနိုင်ရန်အတွက် လှူဒါန်းမှုများကို မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တဆင့် လက်ခံပေးနေကြောင်း သိရသည်။

မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာနတွင် မတ်လ(၃၁)ရက်နေ့ကစပြီး လာရောက်လှူဒါန်းပေးမှုများရှိနေရာ စေတနာရှင်များ၏ လှူဒါန်းပေးလာမှုများကို တဆင့် လက်ခံပေးထားပြီး ဆက်လက်၍လည်း မည်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများအပြင် အသက်သေဆုံးမှုများအထိ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ကျန်ရစ်သူမိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်းလည်း မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ထားသည်။



နိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့ နံနက်(၈)နာရီအထိ ရှာဖွေတွေ့ရှိထားသည့် လူသေဆုံးမှု အရေအတွက်မှာ (၂၇၁၉)ဦး ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးသင့်မှုကြောင့် ပြိုကျသွားသည့် အဆောက်အဦးများအောက်တွင် ပိနေသူ အများအပြားရှိပြီး သေဆုံးသူ အရေအတွက်မှာလည်း နေ့စဉ် မြင့်တက်လာနေဆဲသည်။