မြစ်မခ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး နေအိမ်(၇)လုံး ပြိုကျ

Photo: MFSD
Photo: MFSD
မြစ်မခ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး နေအိမ်(၇)လုံး ပြိုကျ
စက်တင်ဘာ 4, 2021 | သဘာဝပတ်ဝန်းကျင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်အတွင်း မြစ်မခမြစ်ဘေးရှိ စံရွေးကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး လူနေအိမ်(၇)လုံး ပြိုကျပျက်စီးခဲ့ရကြောင်း သိရသည်။

စံရွေးကျေးရွာအတွင်း ၂၀၂၁ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က မြစ်မခမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့်အတွက် မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ဆယ်ပြီး ပြိုကျပျက်စီးသွားသည့် နေအိမ်(၇)လုံးမှ အိမ်ထောင်စု (၇)စုကို ရေဘေးလွတ်ရာသို့ကူညီပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။

နိုင်ငံအတွင်း ဩဂုတ်လ၏ နောက်ဆုံးပတ်နှင့် စက်တင်ဘာလ၏ ပထမပတ်တွင်းတို့တွင် မြစ်ရေတက်လာမှုများကြောင့် မြစ်ဘေးရှိ ရွာများတွင် ကမ်းပါးပြိုခြင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခံစားနေရကြောင်းသိရသည်။