မြဝတီဘက်သို့ သယ်မည့် ဓါတ်ဆီပုံးများကို မဲဆောက်ဘက်တွင် ခေတ္တသိုဝှက်ထားစဉ် သိမ်းဆည်းခံရ

မြဝတီဘက်သို့ သယ်မည့် ဓါတ်ဆီပုံးများကို မဲဆောက်ဘက်တွင် ခေတ္တသိုဝှက်ထားစဉ် သိမ်းဆည်းခံရ
ဖေဖော်ဝါရီ 10, 2025 | နယ်စပ်သတင်း

 မြန်မာ - ထိုင်းနယ်စပ်ဒေသ မြဝတီဘက်တွင်  အသုံးပြုရန်အတွက် မြဝတီဘက်သို့ သွားရောက် ဝယ်ယူပြီး နယ်စပ်ဖြတ်ကျော်ရန် ခေတ္တသိုဝှက်ထားစဉ် ထိုင်းစစ်တပ်နှင့်ပူးပေါင်းအဖွဲ့က ရှာဖွေ တွေ့ရှိ သိမ်းဆည်းလိုက်ကြောင်း သိရသည်။

မဲဆောက် နှင့် မြဝတီအကြား ထိုင်းဘက် မြဝတီ နယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့်ပူးပေါင်းအဖွဲ့က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့ ညနေပိုင်းက ကင်းလှည့်စဉ် ဘန်ဒွန်ချိုင်းကျေးရွာ ဘက်တွင် (၂၀)လီတာ ဆန့်သည့် ပုံး(၉)ပုံးဖြင့် ထည့်ထားသည့် ဓါတ်ဆီလီတာ(၁၆၀)ကို တွေ့ရှိ သိမ်းဆည်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

တကယ်တမ်းတွင် အဆိုပါ ဓါတ်ဆီများကို ကျေးရွာတွင်းက သတင်းပေးမှုကြောင့် သိမ်းဆည်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနယ်စပ်ဒေသများတွင် တရားမဝင် အွန်လိုင်းလောင်းကစားများနှင့် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေး တစိတ်တပိုင်းအတွက်ဟုဆိုတာက ထိုင်းအစိုးအရက မြန်မာဘက်သို့ ရောင်းချပေးထားသည့် လျှပ်စစ်မီး နှင့် စက်သုံးဆီကို ဖြတ်တောက်ထားသည်။

ယင်းသို့ ဖြတ်တောက်ထားမှုကြောင့် မြန်မာဘက်နယ်စပ်မြို့များတွင် စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်လာခြင်းကြောင့် တဖက် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ဓါတ်ဆီများကို ပုံးများဖြင့် သွားဝယ်သော်လည်း ထိုင်းဘက်က ပုံးများဖြင့် ဝယ်ယူခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းကိုပါ ထပ်တိုး တားမြစ်လိုက်သည့်အတွက် ယခုအခါ ပုံးများဖြင့် ဓါတ်ဆီဝယ်ယူသူများကို သိမ်းဆည်း အရေးယူခြင်းအထိပါ လာဆောင်လာခြင်း ဖြစ်သည်။

Photo:  กิตติศักดิ์ บุญจันทร์