ပုသိမ်-မုံရွာကားလမ်းပိုင်း၌ အထက်မင်းလှ PDF တက်ရောက်စစ်ဆေး

ပုသိမ်-မုံရွာကားလမ်းပိုင်း၌ အထက်မင်းလှ PDF တက်ရောက်စစ်ဆေး

မကွေးတိုင်း အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် ယာဥ်သွားယာဥ်လာများနှင့် လမ်းပိုင်းလုံခြုံရေးကို အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့က စစ်ဆေးကြောင်း သိရသည်။

ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လုပ်ခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကျေးဇူးတင်သည်ဟုလည်း ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သည့်အတွက် လမ်းမကြီးတလျောက်နှင့် ကျေးရွာချင်းဆက်လမ်းများအား ယာယီသွားလာခြင်းမပြုလုပ်ကြရန် အသိပေးထားသည်။ 

ရဲစခန်း၊ ဂိတ်များနှင့် နီးကပ်စွာအတူယှဥ်တွဲနေထိုင်နေကြသော လူနေအိမ်များရှိ ပြည်သူများအနေဖြင့် စောလျင်စွာ ခေတ္တနေရာရွှေ့​ပြောင်းနေထိုင်ကြရန်လည်း သတိပေးထားသည်။ 

စစ်ကောင်စီတပ်သည် ကျေးရွာချင်းများ ဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ ပုသိမ်-မုံရွာလမ်းမကြီးအနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊ ဒရုန်းများအသုံးပြု၍ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ 

ထို့အပြင် ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့် ရှမ်းတပ်ကြီးတာဝါတိုင်အနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးပညာသင် (ဘက)ကျောင်းတွင်း တပ်စွဲအထိုင်ချနေကြောင်း သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:Upper Minhla P.D.F