ကရင်ပြည်နယ်၊ ဖာပွန်-ဘီးလင်း ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် (၁၆)ဦး အလင်းဝင်လာသည်ဟု အမှတ်(၂) စစ်ဒေသထံမှ သိရသည်။
၎င်းတို့သည် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ် (၂၇) ဗျူဟာတာဝန်ခံနှင့် ချိတ်ဆက်ကာ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များထံသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့က လက်နက်ချ အလင်းဝင်ရောက်လာသည်ဟု ဆိုသည်။
အဆိုပါ လက်နက်ချ အလင်းဝင်ရောက်လာသည့်သူများနှင့်အတူ (၈၁)မမ စိန်ပြောင်း (၁)လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများလည်း ပါလာသည်ဟု သိရသည်။
စစ်ကောင်စီ၏ လှဂွန်းပျိုတပ်စခန်းမှာ ဖာပွန်ရှိ တပ်စခန်းများကို ထောက်ပို့ပေးသည့် လမ်းကြောင်းပေါ်တွင်တည်ရှိပြီး အရေးပါသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်။
လက်နက်ချ အလင်းဝင်ရောက်လာသူများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo:တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ