ရေးမြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်

ရေးမြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်

မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ရေးဘီလူးတပ်ဖွဲ့ထံ အလင်းဝင်ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရေးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲထက်ပိုင်သည် AK-47 တစ်လက်၊ (၇.၆၂)ကျည် (၆၀)တောင့်၊ ကျည်ဘောက် (၂)ခုတို့ဖြင့် အလင်းဝင်လာရာ ရေးဘီလူးတပ်ဖွဲ့မှ ငွေကျပ်သိန်း(၃၀) ပေးအပ်ချီးမြှင့်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ရေးဘီလူး