စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲခြင်းကြောင့် နေအိမ်နှင့် ဘုန်းကြီးကျောင်းပျက်စီးပြီး အရပ်သား ၆၀၀ ကျော်တိမ်းရှောင်နေရ

စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲခြင်းကြောင့် နေအိမ်နှင့် ဘုန်းကြီးကျောင်းပျက်စီးပြီး အရပ်သား ၆၀၀ ကျော်တိမ်းရှောင်နေရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်းတို့ ပျက်စီးခဲ့ရပြီး စာသင်ကျောင်း(၂)ကျောင်းလည်း ပိတ်ထားရကြောင်း KNUဗဟိုက ယနေ့ စက်တင်ဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လော်မူသောကျေးရွာနှင့် ဘုရားလေးကုန်းဘုန်းကြီးကျောင်းအနီးသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လော်မူသောနှင့် လော်မူပယ်ကျေးရွာတို့ရှိ အရပ်သား(၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

အဆိုပါကျေးရွာများတွင် အိမ်ခြေ(၁၄၉)အိမ်ရှိပြီး အရပ်သား (၆၃၂)ဦးရှိကာ ကျောင်းသူ၊ကျောင်းသား(၃၀၀)ကျော် ပညာသင်ကြားနေသည့် လော်မူပယ်မူလတန်းကျောင်းနှင့် လော်မူသော အထက်တန်းကျောင်းတို့ကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

မိုးတွင်းကာလဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Karen National Union