တစ်နိုင်ငံလုံးနီးပါး ရေဘေးဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၅ ဦး သေဆုံး

တစ်နိုင်ငံလုံးနီးပါး ရေဘေးဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၅ ဦး သေဆုံး
စက်တင်ဘာ 14, 2024 | 2021 Military Coup| ရှမ်းမြောက်

မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် ရေဘေးဒုက္ခနှင့် ကြုံနေရချိန်  အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီဒေသအတွင်း  နန်ဘိုင်းကျေးရွာမှ ဒေသခံ (၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာပြည်တ၀ှမ်း ရေကြီးမြေပြိုကျခြင်းများကြောင့် ပြည်သူအများဒုက္ခရောက်နေရပြီး သေဆုံးသူ အရေအတွက်လည်း တိုးလာချိန်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့ ည(၇)နာရီ ဝန်းကျင်အချိန်က အာဏာသိမ်းစစ်ကောင်စီတပ်သည်  နန်ဘိုင်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း အရပ်သား (၅)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိကာ (၃)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网