စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရွာ အထိုင် ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။
ညောင်ဖြူပင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ပြီး ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် အမှတ် (၁)တပ်ရင်း ၊ ယင်းမာပင် ခရိုင် အမှတ် (၃)တပ်ရင်း အမှတ် (၃)တပ်ခွဲနှင့် မုံရွာမြို့နယ် ရပ်ကျေး (ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:မုံရွာခရိုင် အမှတ် - ၁ တပ်ရင်း (ပုံဟောင်း)