KNU တပ်မဟာ ၅ နယ်မြေအတွင်း အောက်တိုဘာလဝက်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၅ နယ်မြေအတွင်း အောက်တိုဘာလဝက်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်အတွင်း အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ဖြစ်သွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU–Mutraw Newsထံမှ သိရသည်။

မူတြော်ခရိုင်အတွင်း အောက်တိုဘာလဝက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲပေါင်း (၄၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏ စစ်တန်းလျား အဆောက်အဦးတစ်လုံးနှင့် စစ်မော်တော်ယာဉ်တစ်စီးတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများကိုသာ အားကိုးအသုံးပြုနေပြီး လေကြောင်းဖြင့် ဗုံးသီး (၅၁)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ ပြည်သူများနေထိုင်သည့် ကျေးရွာနှင့် လယ်ယာခြံမြေများအတွင်းသို့ လက်နက်ကြီး (၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် အိုးအိမ် ၊ လယ်ယာကိုင်းကွက်နှင့် ကောက်ပဲသီးနှံအမြောက်အများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo:KNU တပ်ဖွဲ့ဝင်များ (ပုံဟောင်း)