မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ကန်နီကျေးရွာမှ ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ RC Plane ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ကြောင်း Urban Underground Revolution Force (YSO) အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင် ထုတ်ပြန်သည်။
မြိုင်မြို့နယ် ကန်နီကျေးရွာမှ ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒီဇင်ဘာလ (၅) ရက်နေ့တွင် RC Plane ဒရုန်းများဖြင့် ဗုံးသီး (၂၀)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအား တိကျစွာ မသိရသော်လည်း ထိခိုက်မှုရှိနိုင်ပြီး တိုက်ခိုက်မှုဆောင်ရွက်နေစဉ် RC Plane ဒရုန်းတစီး ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု Urban Underground Revolution Force (YSO) အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား Urban Underground Revolution Force-YSO ၊ ရွှေညာမြေ၊ ဒေါင်းစစ်သည်၊ နယ်စည်းမခြား Freedom ၊ ဖက်ဒရယ်စစ်ကြောင်း(၁)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်းတပ်ရင်း(၂)နှင့် အညာမြေ ပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Urban Underground Revolution Force (YSO)