ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိ

ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေနံချောင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် သာလူးကန်၊ ဖိုးကိုးလမ်းမှ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် စခန်းကန်ကျေးရွာအုပ်စု ကံသာကျေးရွာသို့ ဝင်ရောက်ရန် လုပ်ဆောင်နေစဉ် ယင်းနေ့ နံနက် (၄)နာရီနှင့် နေ့လယ် (၁၂)ခန့်တွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက် (၄)နာရီခန့်တွင်  ရေနံချောင်းမြို့နယ် မန်ကျည်းကန်အုပ်စု စမ်းကန်ကြီးကျေးရွာသို့ ထပ်မံချဉ်းကပ်လာရာ PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် (၂၀)ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကာ PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃)ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

အထိနာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ကံသာကျေးရွာမှ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ (၂)ဦးအား သတ်ဖြတ်ခဲ့ကာ ဖောင်းကွဲ-ယင်းမာချောင်းလမ်းမှတဆင့် ရေနံချောင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား People's Defence Force- Yenangyaung ၊ Tamar Myay Special Coloum၊ Midland Dolphins Coloum နှင့် အင်တောတိုက်နယ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: People's Defence Force -Yenangyaung (ပုံဟောင်း)