စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးကောက်ခံနေသည့် ညောင်ဦးမြို့နယ် ကူတောရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးကောက်ခံနေသည့် ညောင်ဦးမြို့နယ် ကူတောရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာတွင် စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ (၃) 21 BAGAN – People Defense Force ထံမှ သိရသည်။

ညောင်ဦးမြို့နယ် ကူတောကျေးရွာတွင် စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်လင်းဦးအား PDF ပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ည (၇)နာရီ (၄၅) မိနစ်တွင် ပစ်ခတ်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် “မင်းတို့ကြိုက်တဲ့ PDF ကိုခေါ် ငါအိမ်မှာအမြဲရှိတယ်” ဟု မကြာခဏစိန်ခေါ်လေ့ရှိပြီး စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးကောက်ခံခြင်း ၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူငယ်များအား အဓမ္မစစ်မှုထမ်းဆောင်ရန် စေခိုင်းခြင်းတို့ကို လုပ်ဆောင်နေသူ ဖြစ်ကြောင်း 21 BAGAN – People Defense Force က ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ (၃) 21 BAGAN – People Defense Force နှင့် ပုဂံဘီလူးတပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံ ညောင်ဦးနယ်မြေအတွင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုအပေါ် ဖိနှိပ်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီထောက်တိုင်များနှင့် လက်ပါးစေများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန့်ရန်နှင့် ဆက်လက်လုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ်ကြောင်း 21 BAGAN – People Defense Force အဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency