စစ်ရေးအခြေအနေတင်းမာမှုကြောင့် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း အသုံးပြုခွင့်ကို ယာယီပိတ်ပင်

စစ်ရေးအခြေအနေတင်းမာမှုကြောင့် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း အသုံးပြုခွင့်ကို ယာယီပိတ်ပင်

မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာလျှက်ရှိသည့်အတွက် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း အသုံးပြုခွင့်ကို ယာယီပိတ်ပင်ကြောင်း အမှတ် (၁)စစ်ဒေသ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပွင့်ဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီဘက်မှ နိုဝင်ဘာလ (၉)ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ပုသိမ်-မုံရွာလမ်း အရှေ့ဖက်ရှိရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခြင်းများလုပ်ဆောင်နေသည့်အတွက် ပြည်သူများ အန္တရာယ်ကင်းစေရန် ပွင့်ဖြူမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းပိုင်း အသုံးပြုခွင့်ကို ယာယီပိတ်ပင်ကြောင်း မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ဆိုသည်။

ပြည်သူများအနေဖြင့်လည်း စစ်ရေးသတင်းများကို အစဉ်နားစွင့်ကာ သွားလာကြရန်နှင့် စစ်ကောင်စီနှင့် နီးသောနေရာများကို ရှောင်ရှားကြရန် အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency