ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပိုမိုကျစ်လစ် အားကောင်းလာစေရန် ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်

ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပိုမိုကျစ်လစ် အားကောင်းလာစေရန် ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်

ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပိုမိုကျစ်လစ်အားကောင်းလာစေရန်ရည်ရွယ်၍ ဂန့်ဂေါခရိုင် တပ်ရင်း (၅)ရင်း စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း ယောတော်လှန်ရေးတပ်-(YRA) ထီးလင်းအဖွဲ့ထံမှ သိရသည်။ 

ဂန့်ဂေါခရိုင် တပ်ရင်း (၅)ရင်း စုဖွဲ့လေ့ကျင့်မှု အစီအစဥ်ကို ဒေါက်တာတေဇာဆန်း အပါအဝင် NUG MOD မှ တာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး တပ်ဖွဲ့ဝင်ရဲဘော်များအား ဩဝါဒပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ကြရမည့်လုပ်ငန်းများအား ချပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေစဉ်ကာလအတွင်း ဂန့်ဂေါခရိုင် တပ်ရင်းများထံသို့ လက်နက်အပြည့်အစုံဖြင့် CDM ဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၃ ဦး အထိ ရှိ‌ပြီး ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်အောက်တွင် မနေလိုသည့် စစ်သားနှင့် ရဲများအနေဖြင့် CDM ဝင်လိုပါက ဂန့်ဂေါခရိုင် တပ်ရင်းများထံ ဆက်သွယ်ပြီး ပြည့်သူ့ရင်ခွင်တွင် ခိုလှုံနိုင်ကြောင်း ယောတော်လှန်ရေးတပ်-(YRA) ထီးလင်းအဖွဲ့က ဆိုသည်။

ဂန့်ဂေါခရိုင်တပ်ရင်းများအနေဖြင့် စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အချိန်ကာလအတွင်းတွင်လည်း ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့်အညီ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တော်လှန်ရေး ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency