တောင်ငူ-လိပ်သို လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF ပစ်ခတ်တိုက်ခိုက်

တောင်ငူ-လိပ်သို လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF ပစ်ခတ်တိုက်ခိုက်
နိုဝင်ဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် သံတောင်ကြီးမြိုနယ် တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား သွားရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း People Defence Force Thandaung မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းရှေ့တွင် မော်တော်ယာဉ်များအား ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ နေ့လယ် (၁၁) နာရီ (၄၅) မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း People Defence Force Thandaung အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအား တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၅) လက်အောက်ခံ People Defence Force Thandaung နှင့် မဟာမိတ်တပ်မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: People Defence Force Thandaung (ပုံဟောင်း)