ရက္ခိုင့်တပ်တော်၏ ရေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘော(၃)စီး နစ်မြှုပ်သွား

ရက္ခိုင့်တပ်တော်၏ ရေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘော(၃)စီး နစ်မြှုပ်သွား

စစ်ကောင်စီတပ်၏ စစ်သင်္ဘော(၃)စီးအား နစ်မြှုပ်အောင် ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့နှင့် (၈)ရက် နေ့တို့တွင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သ တင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင်တိုက်ခိုက်နိုင်ခဲ့ကာ အခြား စစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၇)စီးဝန်းကျင်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍ မရနိုင်အောင် ပြုလုပ်နိုင်ခဲ့ပြီး ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ ကမ်းထိုးယာဉ်နှင့် Navy  စုစုပေါင်း (၃)စီးတို့ကို အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည် ဟုဆိုသည်။

လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်နေသည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့သည် ရက္ခိုင့်တပ်တော်၏ သမိုင်းတွင် စစ်ကောင်စီအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ပြီး စစ်ကောင်စီရေတပ်မှ စစ် သင်္ဘောများကို ပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သောနေ့လည်းဖြစ်သည်ဟု ဆိုသည်။

ပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် မြောက်ဦးရှိ စစ်ကောင်စီ၏ လက်ကျန်တစ်ခုတည်းဖြစ်သည့် ရဲတပ်ရင်း (၃၁)အား ရက္ခိုင့်တပ်‌တော်မှ အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ် ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။