ရေစကြိုမြို့နယ်ရှိ ဟင်္သာရွာပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက ၁၀ ရက်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်ရှင်းလင်း

ရေစကြိုမြို့နယ်ရှိ ဟင်္သာရွာပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက ၁၀ ရက်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်ရှင်းလင်း

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဟင်္သာရွာပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက (၁၀)ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဟင်္သာရွာပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)မှ (၁၀)ရက်ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး မဟာမိတ် နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်း၊ UURF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးပစ်ကူနှင့် ရှော့တိုက်ဒုံးများ ပစ်ကူပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏တိုက်ခိုက်ခြင်းကြောင့် ပျူစောထီးနှင့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသဖြင့် ဟင်္သာရွာပျူစောထီးစခန်းအား သိမ်းပိုက်ရရှိပြီး စခန်းကိုလည်း မီးရှို့ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အဆိုပါပျူစောထီးခန်းသိမ်းတိုက်ပွဲမှ စစ်သုံးပစ္စည်းအချို့နှင့် ရိက္ခာများရရှိခဲ့ပြီး ဩဂုတ်လ (၁၉)ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဟင်္သာကျွန်းကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် ကလေး(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo:U Waiyan Naing