ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ရေးပစ်မှတ်များအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ကြောင်း Nighthawks အဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်အတွင်းရှိ သံဆိပ်စစ်ကောင်စီစခန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့နှင့် နိုဝင်ဘာလ (၁) ရက်နေ့တို့တွင် လည်းကောင်း ၊ ရွှေကျင်မြို့နယ် ကျောက်တန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာလ (၃၁) ရက်နေ့တွင်လည်းကောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ သုံးရက်ဆက်တိုက် ရွှေကျင်မြို့နယ်အတွင်းရှိ ကွမ်းဆိပ်စစ်ကောင်စီစခန်းကိုလည်း KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို မသိရှိရသေးဘဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း Nighthawks အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား KNLA ပူးပေါင်းတပ်ဖွဲ့နှင့်အတူ KNLA Nighthawks အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Nighthawks