မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်တွင် မြို့မတေးဂီတအသင်းကို ကြံ့ဖွံ့ပါတီက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့တွင် ခေါ်တွေ့ကြောင်း USDP ပါတီက ဖော်ပြသည်။
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ (၃၅×၆၁) လမ်းထောင့်ရှိ Classic City Cafe တွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် မန္တလေး မြို့မတေးဂီတအသင်းမှ နာယကများ၊ မြို့မတေးဂီတအသင်း ဥက္ကဌနှင့် အမှုဆောင်များ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
မြို့မတေးဂီတအသင်းမှ မြို့မတေးဂီတအသင်း ဖွဲ့စည်းပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ လက်ရှိ မြို့မအသင်း၏ နာယကအဖွဲ့၊ အမှုဆောင်အဖွဲ့ ဖွဲ့စည်းထားမှု အခြေအနေများ၊ မန္တလေးမြို့တွင် ဖျော်ဖြေရေးများဆောင်ရွက်နေမှု အခြေအနေများကို ပြောဆိုသည်ဟု ဆိုသည်။
ကြံ့ဖွံ့ပါတီဘက်ကမူ တွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
အဆုံပါတွေ့ဆုံမှုကို ကြံ့ဖွံ့ပါတီ ဗဟိုအတွင်းရေးမှုး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ ဦးမျိုးမြင့်၊ အမရပူရခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက်တို့ ပါဝင်သည်ဟု သိရသည်။
မြို့မတေးဂီတအသင်းဘက်ကမူ နာယက ဦးစိန်မြင့်နှင့် နာယကများ၊ မြို့မတေးဂီတအသင်းဥက္ကဌ ဒေါက်တာလှခိုင်၊ အတွင်းရေးမှုး ဦးထက်ထက်နှင့် အမှုဆောင်များ၊ အထက်မြန်မာပြည် ဂီတအစည်းအရုံး ဥက္ကဌ ဦးခင်မောင်သန်း(တေးချစ်သူ)တို့ တက်ရောက်သည်ဟု သိရသည်။
#TachileikNewsAgency
Photo: USDP News