တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန်းတဦးအား ဖမ်းဆီးစဉ် ပြန်လည်ခုခံထွက်ပြေးရာ ပစ်ခတ်ခံရပြီး သေဆုံး

တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန်းတဦးအား ဖမ်းဆီးစဉ် ပြန်လည်ခုခံထွက်ပြေးရာ ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန်းတဦးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဖမ်း‌ဆီးစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း တောင်သာ ပကဖ (TTA-PDF) အဖွဲ့မှ သတင်းထုတ်ပြန်သည်။

တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန်း မောင်ချမ်း (ခ) အရှည်ကြီးသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ ညပိုင်းတွင် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာတရွာသို့ အမျိုးသမီးကိစ္စဖြင့် ရောက်ရှိနေစဉ် သတင်းအရ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းစီးစဉ် အဆိုပါ နယ်ထိန်းသည် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း တောင်သာ ပကဖ က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား တောင်သာ ပကဖ (TTA- PDF)၊ နေပြည်တော် (၈၀၁) တပ်ရင်း ၊ တောင်သာ ပလဖ ၊ မိတ္ထီလာ ပကဖ ၊ စဉ့်ကိုင် ပကဖ ၊ ကျောက်ပန်းတောင်း ပကဖ နှင့် ညောင်ဦးခရိုင်တပ်ရင်း (၁) မှ မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်သာ ပကဖ (TTA-PDF)