Bagan Ogre Force ယာယီပစ္စည်းထားရာတဲ စီးနင်းခံရပြီး ရဲဘော်တစ်ဦး ပျောက်ဆုံးနေ

Bagan Ogre Force ယာယီပစ္စည်းထားရာတဲ စီးနင်းခံရပြီး ရဲဘော်တစ်ဦး ပျောက်ဆုံးနေ

မန္တလေးတိုင်း ညောင်ဦးမြို့နယ် သနပ်ပင်ကျေးရွာအနီးရှိ Bagan Ogre Forceနှင့် ညောင်ဦးခရိုင် တပ်ရင်း(၅)တို့၏ ခေတ္တပစ္စည်းသိမ်းဆည်းရာ တဲတစ်လုံး ဝင်ရောက်စီးနင်းခံခဲ့ရပြီး ရဲဘော်တစ်ဦး ပျောက်ဆုံးနေသည်ဟု Bagan Ogre Forceက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါနေရာကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့က စစ်ကောင်စီတပ်က အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ထောက်ပို့ရဲဘော်တစ်ဦး ကျည်(၃)ချက်ထိကာ ဖမ်းဆီးခံလိုက်ရပြီး သေဆုံးမှုရှိ၊မရှိကို အတိအကျမသိရသေးဟု ဆိုသည်။

စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ PDF (၇)ဦးဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ထားသော်လည် မဟုတ်မှန်ကြောင်းနှင့်  

စီးနင်းခံရပြီး နောက်နေ့နံနက်တွင် တဲပိုင်ရှင်၏ ဆွေမျိုးတော်စပ်သူ အမျိုးသမီး(၂)ဦးသည် ကြောက်လှန့်၍ အခြားမြို့တစ်မြို့သို့ ထွက်ပြေးရာ လမ်းခုလတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဝင်ရောက်စီးနင်းခံရသော တဲသည် PDF၏ ယာယီစခန်းမဟုတ်ဘဲ လမ်းကြောင်းအခြေအနေအရ ပစ္စည်းများ ခေတ္တသိမ်းခဲ့သော နေရာဖြစ်ကြောင်း သိရသည်။

လက်နက် ခေတ္တသိမ်းဆည်းရာ တဲအတွင်းမှ မြုပ်နှံထားသော KIAထုတ် ပါရီ(၇)လက်၊ ကျည်ဘောက်(၂၄)ခု၊ 7.62 ကျည်(၂၀၀၀)နီးပါး၊ ၃၈၀ပစ္စတို တစ်လက်၊ ကျည်နှင့် (၉)မမ ကျည်(၇၀)ကျော်၊ လက်ပစ်ဗုံး (၁၀)လုံးနှင့် အခြား မိုင်းဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

၎င်းတဲကို ဝင်ရောက်စီးနင်းပြီးနောက် အနီးပတ်ဝန်ကျင်ရှိ ပြည်သူများကို ရမ်းသမ်းပစ်ခတ်ဖမ်းဆီးသွားပြီး ပတ်ဝန်းကျင်ရှိ တဲများကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

#TachileikNewsAgency