၀င်းရေးမြို့နယ်အတွင်း စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး ဘုရားကျောင်း ပျက်စီး 

၀င်းရေးမြို့နယ်အတွင်း စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး ဘုရားကျောင်း ပျက်စီး 

ကရင်ပြည်နယ် ဝင်းရေးမြို့နယ်အတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရပြီး ဘုရားကျောင်းတလုံးနှင့် နေအိမ် (၂)လုံး ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ပနော်ကလဲခီး ကျေးရွာအနီးတစ်ဝိုက်သို့ စစ်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက် (၁၁)နာရီ (၅)မိနစ်တွင် မှော်ဘီလေတပ်မှ Y-12 တစ်စီးဖြင့် ကင်းထောက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကင်းထောက်မှုဆောင်ရွက်ပြီးနောက် နေ့လယ် (၁၂)နာရီ (၄၈)မိနစ်တွင် နေပြည်တော်တပ်မှ တိုက်လေယာဉ် Yak-130 တစ်စီးမှ ပေါင် (၅၀၀) ဗုံး (၂) လုံးအား ဝင်းရေးမြို့နယ်၊ ပနောကျဲခီး ကျေးရွာသို့ လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ပြီး ဒေသခံ (၁)ဦး သေဆုံးခဲ့ကာ ၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိ၍ နေအိမ် (၂)လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း (၁)လုံးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း ဒေသခံ (၂၁၀,၂၆၅)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻