တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
အောက်တိုဘာ 26, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် (၂၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ကြောင်း Yangon UG People Army(YUPA) အဖွဲ့ထံမှ သိရသည်။

တောင်ဒဂုံမြို့နယ် (၂၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ ည (၇) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြင်းအားမြင့် အဝေးထိန်းမိုင်း (၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုဆောင်ရွက်ခဲ့ပြီးနောက် ရပ်ကွက်ရုံးထဲမှ မီးခိုးများ အလုံးလိုက် အူထွက်လာပြီး မီးများ အမှောင်ချ ပိတ်သွားခဲ့ကာ ပေါက်ကွဲအားပြင်းထန်သည့်အတွက် ထိခိုက်သေဆုံးမူ ရှိနိုင်ကြောင်း Yangon UG People Army (YUPA) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Yangon UG People Army (YUPA) နှင့် မဟာမိတ်ညီနောင်ဖြစ်သော မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency