ငပုတောမြို့နယ်တွင် စက်လှေမှောက်ကာ ရဲ ၂ ဦးသေ

ငပုတောမြို့နယ်တွင် စက်လှေမှောက်ကာ ရဲ ၂ ဦးသေ

ဧရာဝတီတိုင်း ငပုတောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့ ညပိုင်းငါးရှာသူများအား ဖမ်းဆီးရန်လာစဥ် စက်လှေမှောက်ကာ ရဲနှစ်တစ်ဦးသေပြီး တစ်ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ ညပိုင်းက လျှပ်စစ်ရှော့တိုက် ငါးဖမ်းဆီးနေသူများကို ဖမ်းဆီးရန် ပုလဲနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ စက်လှေအသုံးပြုပြီးလာသည့် ရဲတပ်ဖွဲ့ဝင်များ စက်လှေမှောက်ခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီသတင်းကမှန်တယ်။ တစ်ကောင်ပဲ အလောင်း ရသေးတယ်။ ညပိုင်း ဘထ္ထရီရှော့တိုက် ငါးဖမ်းသူတွေကို လာဖမ်းတာ ကျားပိုက်နဲ့တိုးပြီး စက်လှေမှောက်တာ။ ရဲတွေ မူးနေတာလဲပါတယ်။"ဟု ဒေသခံတစ်ဦး က Tachileik News Agency ကိုပြောသည်။ 

အဆိုပါ ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် စက်လှေသည် ငပုတောမြစ် အ‌ရှေ့ဘက် ကံစိတ်ရွာအနီးတွင် တိမ်းမှောက်ခြင်းဖြစ်ပြီး နယ်ထိန်းအောင်ကျော်ဦး၏ အလောင်းကိုသာ ပြန်ရကာ နယ်ထိန်းမျိုးကိုမှာ အလောင်းပြန်ရှာမတွေ့သေးဟု သိရသည်။

#TachileikNewsAgency