KIO ဌာနချုပ်အနီးရှိ နောက်ဆုံးကျန် တပ်မမှူးနှင့် ဗျူဟာမှူးထိုင်သည့် ဘွမ်ရယ်ဘွမ်စခန်း KIA သိမ်း

KIO ဌာနချုပ်အနီးရှိ နောက်ဆုံးကျန် တပ်မမှူးနှင့် ဗျူဟာမှူးထိုင်သည့် ဘွမ်ရယ်ဘွမ်စခန်း KIA သိမ်း

ကချင်ပြည်နယ်၊  KIO ဌာနချုပ် လိုင်ဇာမြို့ အနီးရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန် ဘွမ်ရယ်ဘွမ်ဗျူဟာတပ်စခန်းကို ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် KIA က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။

စခန်းကို KIA က မတ်လ (၇)ရက်နေ့ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း စခန်းမကျရေး လေကြောင်းပစ်ကူပေးခဲ့သော်လည်း စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ထွက်ပြေးသည်ဟု ဆိုသည်။

 

ဘွမ်ရယ်ဘွမ်တပ်စခန်းသည် စစ်ကောင်စီ၏ တပ်မ(၈၈)တပ်မမှူးနှင့် စစ်ဗျူဟာမှူးထိုင်သည့် စခန်ဖြစ်ပြီး KIA က သိမ်းပိုက်လိုက်ပြီးနောက် စခန်းအား ရှင်းလင်းနေဆဲဖြစ်ကာ စစ်ကောင်စီတပ်သားတချို့ဖမ်းမိပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။

ဘွမ်ရယ်ဘွမ်ဗျူဟာစခန်းအပါအဝင် အခြားစစ်ကောင်စီတပ်စခန်းများသည် လိုင်ဇာမြို့အနီးတွင် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် လက်ထက် ကချင်တစ်ကျော့ပြန်စစ်ပွဲတွင် အခိုင်အမာ တည်ဆောက်ထားသည့် စခန်းကုန်းများဖြစ်သည်။

၂၀၂၄ခုနှစ် မတ်လ(၇)ရက်နေ့က စတင်ကာ KIA တပ်ဖွဲ့များသည် ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်စခန်းပေါင်း (၃၀)နီးပါးကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency